>2011 December မှ 2013 January အထိ အဖွဲ့၏ လှူပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများ

ကရုဏာစိတ်ထားနှင့် ပရဟိတ…..

ကရုဏာ၏ သဘောသည် သတ္တဝါတို့အပေါ်၊ သူတစ်ပါးတို့အပေါ် သနားကြင်နာခြင်းနှင့်အတူ မိမိကိုယ်နှင့် နှိုင်းယှဉ်၍ စာနာညှာတာ ပေးတတ်သည့် သဘောပင် ဖြစ်သည်။

ကရုဏာသည် ညှင်းဆဲမှု ရက်စက်ကြမ်းကျုတ်မှုတို့မှ ကင်းလွတ်သော ကိုယ်ချင်းစာတရားအပေါ်မှာ အခြေခံထားသည်။ သူတစ်ပါးတို့ကို ဒုက္ခမှ လွတ်ကင်းသွားအောင် ကူညီဖေးမ ဆောင်ကြဉ်းပေးသည်။ မိမိကိုယ်တိုင် ဆင်းရဲဒုက္ခ မဖြစ်စေလိုသကဲ့သို့ သူတစ်ပါးတို့ကိုလည်း ဆင်းရဲဒုက္ခ မဖြစ်စေလိုပေ။

ကရုဏာစိတ်ထားသည် သူတစ်ပါး အကျိုးစီးပွား မပျက်စီးစေလိုသော သဘောရှိသည်။ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို မကြည့်ရက်။ ဆင်းရဲဒုက္ခမှ ကယ်တင်ပေးလိုသည့် စိတ်ထား ဖြစ်သည်။

ဘုရားပုံတော်များ အလှူလက်ခံပေးကြရန်.....


"ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ" ပရဟိတအဖွဲ့၏ အလှူရှင်များသည်
ဘုန်းဘုန်းလှူဒါန်းပေးနေသော ဗုဒ္ဓဂယာ ဘုရားပုံတော် (3D ပုံတော်ကားချပ်) မရရှိသေးလျှင် မိမိတို့နှင့် သက်ဆိုင်ရာ တာဝန်ခံများအား ဆက်သွယ်၍ စာရင်းပေးသွင်းကြပါရန် ဖြစ်ပါသည်။

အဖွဲ့၏ တာဝန်ခံများမှလည်း မိမိတို့ တာဝန်ယူထားသော အလှူရှင်များအထဲမှ ဘုရားပုံတော် မရရှိသေးသော အလှူရှင်များ စာရင်းကိုလည်း ယူထားပြီး ဘုန်းဘုန်းဆီမှာ အလှူလက်ခံ ယူကြပါရန် အသိပေး အပ်ပါသည်။

ပြည်ပမှ အလှူရှင်များ အတွက်လည်း ပြည်ပတာဝန်ခံများမှ တစ်ဆင့် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။


အရှင်ဉာဏဒီပ
"ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ" ပရဟိတအဖွဲ့

*********************************************

သူတော်ကောင်းတို့မည်သည် ပေးဆပ်ခြင်းမှာ ပျော်မွေ့ကြလေကုန်၏.....

*********************************************

မေတ္တာစိတ်ထားနှင့် ပရဟိတ.....

မေတ္တာ၏ သဘောသည် သတ္တဝါတို့၏ အကျိုးစီးပွား၊ သူတစ်ပါးတို့၏ အကျိုးစီးပွားတို့ကို ရှေးရှုပေသည်။ သူတစ်ပါးတို့၏ အကျိုးစီးပွားဟူသော စကားရပ်တွင် သူတစ်ပါးသည် ‘ပရ’၊ အကျိုးစီးပွားသည် ‘ဟိတ’။ ထိုစကားရပ် နှစ်ခုကို ပေါင်းလိုက်လျှင် ပရဟိတပင် ဖြစ်လေသည်။ 

မေတ္တာစိတ်သည် ပရဟိတ စိတ်ထားပင် ဖြစ်သည်။

မေတ္တာစိတ်ကို တဏှာပေမဖြင့် ရောနှော တိုင်းတာ၍ မရပေ။ တဏှာသည် မိမိအကျိုးကို ကြည့်တတ်သောကြောင့်ပင်တည်း။ 

တဏှာသည် စေးကပ်တတ်သည့် သဘောရှိသည်။ မေတ္တာသည် စေးကပ်ခြင်း မရှိ။ ယှဉ်လျှက်နေသည့် သဘောရှိသည်။

သူတစ်ပါးအကျိုး ဆောင်ရွက်ပေးသည် ဆိုရာတွင် ကာယကံ၊ ဝစီကံ၊ မနောကံ အစရှိသည့် ကံသုံးပါး ပါဝင်လာပေသည်။

အဖွဲ့၏ ပညာသင်ဆု လှူဒါန်းထားသော ကျောင်းသား/သူ များ...

ပြည်တွင်း၊ ပြည်ပ အလှူရှင်များမှ လှူဒါန်းကြသော အလှူတော်ငွေများဖြင့်
ပေး-ပျော် ပရဟိတအဖွဲ့မှ ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ် အတွက် ပညာသင်ဆု ထောက်ပံ့ပေးနေသော ကျောင်းသား/သူ စာရင်းများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။
သင့်လျော်သော အချိန်ကာလများတွင်လည်း ပညာသင်ဆု ဦးရေ တိုးမြှင့် စီစဉ် လှူဒါန်းပေးသွားမည် ဖြစ်ပါသည်။

*^!^* အဖွဲ့ Logo တံဆိပ် သင်္ကေတများ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များ *^!^*


(၁) စက်ဝိုင်းအထဲတွင် ရှိသော လက်နှစ်ဖက်
ထိုလက်နှစ်ဖက်သည် ပေးကမ်း လှူဒါန်းနေခြင်းကို ရည်ညွှန်းပါသည်။ အလှူဒါနတစ်ခု ဖြစ်မြောက်စေရန် နှုတ်ဖြင့်သာ ပြောဆိုနေ၍ မဖြစ်နိုင်ပေ။ အမှန်တကယ် လက်တွေ့ကျကျ ရက်ရက်ရောရော စေတနာပါပါ ပေးကမ်းမှသာ အကျိုးရှိပြီး ထိရောက်မည် ဖြစ်သည်။
(၂) ပွင့်ဖတ် (၁၀) ခုရှိသော ကြာပန်း
ကြာပန်းဆိုသည်မှာ ပညာရေးကို ရည်ညွှန်းပြီး ပွင့်ဖတ် (၁၀) ခု သည် ပါရမီဆယ်ပါးကို ဆိုလိုခြင်း ဖြစ်သည်။ ဒါနပါရမီမှ အစပြု၍ ဥပေက္ခာပါရမီ အထိ ဆယ်ပါးသော ပါရမီကို ဖြည့်ကျင့်ခြင်း ဟူသည့် အဓိပ္ပာယ်ကို ဖော်ပြထားသည်။

ပြည်တွင်း၊ ပြည်ပ အလှူရှင်များအား ဖိတ်မန္တကပြုခြင်း.....

၂၀၁၃ ဇန်နဝါရီလမှ စတင်၍ လှူဒါန်းလိုသော အလှူရှင် အသစ်များ အနေဖြင့် တစ်လလျှင် 1,000/- (တစ်ထောင်) ကျပ်နှုန်းဖြင့် သော်လည်းကောင်း
ထိုထက်ပိုသောနှုန်းထားဖြင့် သော်လည်းကောင်း အနည်း၊ အများမဆို ပါဝင်လှူဒါန်းနိုင်ကြပါသည်။

လစဉ်အလှူတော်ငွေများကို တစ်နှစ်စာအတွက် သော်လည်းကောင်း၊
အခါအားလျော်စွာ တတ်နိုင်သော အလှူတော်ငွေများကို သော်လည်းကောင်း၊
အဖွဲ့အတွက် မတည်အလှူတော်ငွေများ ကိုသော်လည်းကောင်း လှူဒါန်းနိုင်ပါသည်။

*!*!*!*!* မင်္ဂလာပါ *!*!*!*!*

"ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ" ပရဟိတ အဖွဲ့သည် ဘာသာရေး ကို အခြေခံ၍ ပညာရေးနှင့် သက်ဆိုင်သော လူမှုရေး လုပ်ငန်းများကို လုပ်ဆောင်ပေးနေသည့် အဖွဲ့ဖြစ်ပါသည်။

မြန်မာပြည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ပေးနေသည့်အတွက် ပြည်တွင်း၊ ပြည်ပ အနယ်နယ် အရပ်ရပ်မှ အလှူရှင်များကို ၀မ်းသာလှိုက်လှဲစွာဖြင့် ဖိတ်ခေါ် ကြိုဆိုပါသည်။

အဖွဲ့အတွက်  လစဉ်အလှူငွေ တစ်လ တစ်ထောင်ကျပ်မှ စတင်၍ 
၎င်းထက် တတ်အားသ၍ သော်လည်းကောင်း၊ 
မတည်အလှူငွေကိုသော်လည်းကောင်း၊ အလှူရှင်များ တတ်စွမ်းသည့် အင်အားမှ အနည်းအများ မဆို ပါဝင်လှူဒါန်းနိုင်ပါသည်။

ကလေး၊ လူငယ်များအား
(၁) ဘာသာ သာသနာကို ချစ်သော စိတ်ဓာတ်၊
(၂) ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်တတ်သော စိတ်ဓာတ်၊
(၃) တိုင်းပြည်ကို ချစ်သော စိတ်ဓာတ်
စသည်စသည် စိတ်ဓာတ်များစွာတို့ကို ပြုစုပျိုးထောင်ပေးရင်း သာသနာပြုနေသည့် အဖွဲ့ ဖြစ်သဖြင့် အလှူရှင်များ လှူဒါန်းလိုက်သော အလှူဒါနများသည် ကလေး၊ လူငယ်များ၏ နှလုံးသားမှာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး စေတီများ တည်ပေးခြင်း ဖြစ်သည်။သာသနာတော်အတွက် သာမက တိုင်းပြည်နှင့် လူမျိုးအတွက်ပါ အထောက်အပံ့များစွာ ဖြစ်သော အလှူဒါနများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

သာသနာတော် အကျိုးအတွက် အဖွဲ့တွင် ပါဝင်လှူဒါန်းနေကြသည့် အတွက်လည်း ၀မ်းမြောက်ဝမ်းသာစွာ သာဓု အနုမောဒနာ ခေါ်ဆိုရင်း လောကီအကျိုးအပြင်၊ လောကုတ္တရာ အကျိုးပါ ပြည့်စုံနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းများလည်း တောင်းပေးလိုက်ပါသည်.....